****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Thursday, April 28, 2016

ဂင်္ဂါမြစ်ကမ်းပေါ်ကခြေလှမ်းများ

ဖေဖေါ်ဝါရီလ အိန္ဒိယဧ။်ရာသီဥတုသည် နေထိုင်း၍အလွန်ကောင်းနေသေးသည်။ ခရီးသွားလို့လည်း
စိတ်ကြိုက်ရာသီဥတုဟုပြောရမည်ထင်ဧ။်..။ ထိတွေ့ခွင့်ရရှိနေသော ဗာရာဏသီဧ။် ပစ္စုပ္ပန်ရုပ်ပုံလွှာသည် သူ့ဧ။်စိတ်အစဉ်ကို မွန်ကျပ်နေမိသည်တော့အမှန်။ 
      လမ်းမကြီးပေါ် လူတွေနဲ့ မြူမုန်တွေအကြားတိုးဝှေ့သွားနေရသော ခြေလှမ်းများကိုပင် ဂရုမစိုက်အား။ သူမျက်စီအစုံက သူကို ဂင်္ဂါဆီပို့ဆောင်နေသောအရှင်မြတ်ဧ။် ကျောပြင်ကိုသာ မောင်းတင်ကြည့်နေရသည်။ သူ့ပါးက ပုတ်ခတ်သွားသော ဆာရီနံ့အချို့ကား အရောင်သွေးကွဲနေပြန်ဧ။်။လမ်းဘေးဈေးသည်တစ်ချို့ကလည်း သူတို့ရဲ့ရောင်ကုန်းပစ္စည်းတစ်ချို့ကို
 အတင်း
လာထိုးရောင်းနေလေတော့ "နဟိ" တစ်လုံးကို အပိုင်းသုံးကာလျှောက်လှမ်းနေရသေးသည်။
မြစ်ရဲ့လှေကားဆီ လူအုပ်တွေအကြားတိုးထွက်လာခဲ့ရတော့ အသက်ရှုရသည်ပင်မောကျပ်သလို..။
သည်နေရာသို့ သူမရောက်တာငါးနှစ်ခန့် ကြာခဲ့ပြီ။ အိန္ဒိယရောက်ခါစ မိဂါဒါဝုန် မဇ္ဈိမသုခရဲ့ သိမ်သမုတ်ပွဲကနေရောက်ခဲ့ဖူးသည်။ ဂင်္ဂါမြစ်ပတ်ဝန်းကျင်သည် အရင်ကဲ့သို့မပြောင်းလဲ..။ ထိုးထွက်နေသော
ချွန်မြမြအဆောက်အအုံးတွေရယ်၊လူနေထူထပ်မှုမှ ယိုစီးကျနေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အနံ့သက်ဆိုးတွေရယ်။ ကမ်းခြေမှာ ဘဝနေဝင်ချိန်တစ်ခုရဲ့ ဘဝတွေကို လှောင်မြိုက်နေတာရယ်။ တိုးဝှေ့ပြီး
လူတွေကြားလျှောက်လှမ်းသွားလာနေတဲ့ နွားတွေရယ်။ မြစ်ထဲ လှည့်လည်ကြည်လိုသူတွေကို အခကြေးငွေနဲ့
ပို့ဆောင်ပေးမယ့်လှေငယ်တွေရယ်ရဲ့ပုံရိပ်တွေက မပြောင်းလဲတည်ရှိနေသေးသည်။
ဂင်္ဂါသည် အိန္ဒိယနိုင်ငံသားတို့ဧ။်အသဲနှလုံး။ ထွဋ်အမြတ်ထားရာတစအခု။ ဟိမဝန္တာ ဂင်္ဂုတ္တရိတောင်မှ ထွက်ပြီး ဥတ္တရပါရာဒေရှ်( Uttar- Pradesh)၊ ဗိဟာရ်(Vihar)၊ ဘင်္ဂလား( Bangal) ပြည်နယ်တို့ကို ဖြတ်သန်းပြီး
အိန္ဒိယ သမုဒ္ဒရာထဲစီးဝင်သည်။
ဂင်္ဂါဧ။် ဖခုံးနှစ်ဖက်တွင်ဟရိဒွါရ၊ ကနော့ဂ်ျ၊ အီလဟာဗာဒ်၊မိရဇပုရ်၊ ဗာရာဏသီ၊ ပတ္တနား နှင့် ကိုလ်ကတ္တားမြိုးများကခိုစီးကာ မိုင်ပေါင်း ၁၂၈၀ ခရီးကိုလျှောက်လှမ်းနေသည်။ မြတ်ဗုဒ္ဓလက်ထက်ကလည်း ဂင်္ဂါ၊ ယခုလည်း ဂင်္ဂါ အမည်ကွဲပြားခြင်းမရှိသေး။
" အပ္ပကာ ဝါလုကာ ဂင်္ဂါ ၊ ဂင်္ဂါ မြစ်၌ရှိသော သဲတို့သည် နည်းကုန်ဧ။်။ အနန္တာ နိဗ္ဗုတာ ဇိနာ၊ ပရိနိဗ္ဗာန် စံတော်မူကုန်းပြီးသော ဘုရားရှင်တို့သည် အဆုံးအပိုင်းအခြားမရှိကုန်" ဂင်္ဂါမြစ်ကို ပမာထား ဓမ္မများဟောကြားခဲ့သည့်သာဓကများစွာလည်း ပိဋကတ်တွင်ကျန်ရှိနေသည်။ မြတ်ဗုဒ္ဓလက်ထက်က ဂင်္ဂါသည်
ရဟန်းတော်တို့အတွက် တရားပြရာတစ်ခုဖြစ်နေခဲ့သည်ကိုတော့ ဒါရုက္ခန္ဓောပမာသုတ်(ဂင်္ဂါမြစ်ကမ်းမှာမြောနေတဲ့ သစ်တုံးကို ဥပမာပြုဟောကြားခဲ့သောတရားတော်)က ပိဋကတ်တွင် အထင်ရှားရှိနေသေးသည်။
ဟိန္ဒူဘာသာဝင်များ ဂင်္ဂါမြစ်မှာ သူတို့ရဲ့ အပြစ်(အကုသိုလ်) များကို ဆေးကြောလျှင်စင်ကြာ်သည်ဟု အယူရှိကာ နှစ်စဉ်ရေချိုးပွဲတော်များ ကျင်းပကာရေချိုးကြသည်ဆိုဧ။်။ ဂင်္ဂါ မြစ်ထဲ ရေချိုးနေကြသည့် အကြီးအငယ် အရွယ်အလတ် တွေကိုကြည့်ရင်း မြတ်ဗုဒ္ဓလက်ထက်က ဆောင်းတွင်းကြီးမနက်စောစော ဂင်္ဂါမြစ်ထဲရေစိမ်ကာ အကုသိုလ်မျှောနေသော ပုဏ္ဏာကြီးကို မိန်းမငယ်လေးက တရားပြခဲ့သည်ကိုလည်းသူသတိရမိသည်။
    '' ရေစိမ်လို့ အကုသိုလ်ပျောက်မယ်ဆိုရင် ရေထဲမှာနေတဲ့ ငါးလိမ်တွေဟာလည်းအကုသိုလ်ပျောက်ေ
တာ့မယ်ပေါ့ " တဲ့
     အသိဉာဏ်စဉ်းစားတွေးခေါ်တတ်တဲ့ ငယ်ရွယ်သူက မစဉ်းစား အရာရာကို မဝေဖန်မဆန်းစစ်တ
တ်သော လူကြီးကိုတရားပြသွားပုံက သူဧ။် စိတ်မျက်ဝန်းထဲ အမှတ်ထင်ထင်မြင်နေမိသေးသည်။
လွန်ခဲ့သောနှစ်က သူတို့သူငယ်ချင်းတို့အဖွဲ့ ကောသမ္ဗီကိုသွားရင်း ဂင်္ဂါ၊ယမုံနာ၊ဆရဆွတီမြစ်တို့ရဲ့
မြစ်သုံးခုဆုံရာ နေရာကိုရောက်ခဲ့ကြသေးသည်။ ထိုမြစ်ဆုံနေရာသည် ဟိန္ဒူ ဘာသာဝင်တို့ရဲ့ အမြတ် ဆုံးနေရာဟုသတ်မှတ်ထားပြီးပူဇော်ပွဲတွေကျင်းပနေသည်ကိုလည်းမြင်ရဖူးသည်။ မြစ်ကမ်းနားတွင် ရေပုန်းလေးများရောင်ချနေပြီး မြစ်ဆုံကရေကို အထွဋ်အမြတ်ထားကာယူသွားကြည်ကိုလည်းတွေ့မြင့်ဖူးသည်။


                                  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဂင်္ဂါရဲ့ပုံရိပ်များကိုကြည့်နေရင်း သူဧ။် စိတ်အာရုံထဲ သူမှတ်သားဖူးသည့် တစ်ချိန်က မဇ္ဈိမရဲ့ သဒ္ဒါပညာရှင်ကြီး ဝရရုစိအကြောင်းက ခိုဝင်လာပြန်သည်။
     ဝရရုစိ သည် ဆရာထံ ပါဏိဏီသဒ္ဒါကျမ်းကို သင်ယူသည်။ စာသင်ရာတွင် စာကိုမမှတ်မိ မတတ်မြောက်နိုင်။ သူ့ကိုယ်သူစာသင်ရမည်ကို စိတ်အားငယ်လာသည်။ စာသင်ရမှာကိုလည်း ကြောက်လန့်လာသည်။
" ဒီဘဝမှာ စာသင်လို့ တတ်မှာမဟုတ်တော့"
ဝရရုစိ ဧ။်စိတ်ထဲ တွေးထင်မိလာသည်။
" စာသင်၍မတတ်ခြင်းအတူတူ ဤဘဝမှာ လူဖြစ်နေရခြင်းသည်ပင်လျှင် အဓိပ္ပါယ်မရှိတော့" ဟု သူ့ကိုယ် သူ တွေးထင်လာခဲ့သည်။
    ထိုကြောင့်သူဧ။် ခြေလှမ်းဦးတည်ရာ ဂင်္ဂါမြစ်ကမ်းဆီထွက်လာခဲ့သည်။ သူဧ။်ရည်ရွယ်ချက်မှာ ဂင်္ဂါမြစ်ကမ်းရဲ့ ၁၅ပေ အမြင့်ကနေ မြစ်ထဲသို့ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ပင်ဖြစ်သည်။
ဂင်္ဂါ မြစ်ကမ်းဆီ ဝရရုစိရောက်လာခဲ့ပြီ။ ဂင်္ဂါမြစ်ထဲသို့ဆင်းရန် လမ်းတစ်လျှောက် ကျောက်လှေခါးတွေ ရှိနေသည်။  

     အမျိုးသမီးတစ်ယောက် ကျောက်လှေကားကနေ ဆင်းကာ ဂင်္ဂါမြစ်ထဲကရေ ကို ခပ်ပြီး ကျောက်လှေ ခါးပေါ်ခဏတင်လိုက်သည်။ ပြီလျှင်ရေအိုးကိုမကာ သယ်မသွားသည်။
     အမျိုးသမီးဧ။် လှုပ်ရှားမှု ပုံရိပ်များကို ဝရရုစိမြင်တွေ့နေသည်။ နောက်သူသတိထားမိသည်က အမျိုးသမီးကျောက်လှေခါးပေါ် ရေအိုးချထားလိုက်သည်နေရာ မှာ အခွက်အချိုင့်ဖြစ်နေသည်။ အနားတွင်လည်းအချိုင့်အခွက်တွေကိုသူမြင်လိုက်ရသည်။
     ဝရရုစိဧ။် အသိစိတ်ထဲအဖြေတစ်ခုရသွားသည်။
" ကျောက်လှေခါးတွေတောင်မှ အိုးတင်ပါများတော့ အိုးရာအခွက်လေးတွေဖြစ်သေးတာပဲ။ ငါကော .. ငါသင်လို့ မတတ်မြောက်ဘူးဆိုတဲ့ ပါဏိဏီသဒ္ဒါကျမ်း ငါကြိုးစာသင်ရင် မတန်ဘဲဘယ်ရှိပါမလဲ"
     ဝရရုစိ စိတ်ထဲစိတ်အားတက်မှုတွေနဲ့အတူ သူဧ။်ခြေလှမ်းများသည် ဆရာရှိရာ သင်ကြားရေးဌာနဆီ ဦးတည်လိုက်သည်။ ဂင်္ဂါမြစ်ဆီသို့ သူ့ကိုယ်သူအဆုံးစီရင်ရန် ထွက်လာခဲ့စဉ်ကခြေလှမ်းမျိုးမဟုတ်တော့။
သူဧ။်တက်ကြွသော ခြေလှမ်းများသည် နောင်အခါမဇ္ဈိမသမိုင်းတွင်သဒ္ဒါပညာရှင်အဖြစ်ထင်ရှားသူ

တစ်ယောက်ဖြစ်လာခဲ့သည်။ ခက်ခဲသည်ဆိုတော့ ပါဏိဏီသဒ္ဒါကျမ်းကို သင်ယူတတ်မြောက်ပြီးယုံသာမက ထိုသဒ္ဒါကျမ်းကို " မုဂ္ဓဗောဓကျမ်း" အကျဉ်းခြုံးနိုင်ခဲ့သည်။ 

                               Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဤအဖြစ်ပျက်များသည် အခုသူရောက်ရှိနေသည့် ဂင်္ဂါမြစ်တွင် တစ်ချိန်က ဖြစ်ပျက်ခဲ့သေးသည်ပဲ..။
သူရပ်နေသည့်နေရာကနေ ဂင်္ဂါမြစ်ကမ်းနားကနေသူတို့လျှောက်လာသည့် လှေခါးဆီပြန်ကြည့်မိသေး

သည်။
    လှေခါးပေါ်တွင် လှုပ်ရှားသွားလာနေသည်ကများစွာ။ ထိုသူများထဲမှ ဝရရုစိအကြောင်းကို သိထားသူများ လည်းပါချင်ပါပေလိမ့်မည်။

    ဝရရုစိနည်းတူ မိမိပြုလုပ်ဆောက်ရွက်သမျှကို သတိဉာဏ်မြင်ရကာ ကျမ်းတတ်အကျော် ဖြစ်သွားသည် ပုဂ္ဂိုလ် တစ်ဦးလည်း အမိမြန်မာပြည် တွင် ပုဂံခေတ်ကရှိခဲ့ဖူးတာပါပဲ..။   
      မိမိအသုံးပြုတဲ့တံပူတွေကိုကြည့်ရှုရာက
တစ်နေ့လျှင်တံပူတစ်ထောက်စာကြည့်မည်ဆိုပါက စာတတ်မြောက်သူဖြစ်နိုင်တာပဲ။ဆိုကာ ဘုရင်ထံ

ကန့်ကူဆံသွားလှူခံရာက "ကျည်ပွေ့အတက်ပေါက်သည့်အတိုင် စာတတ်ပါမည်လော" ဟူသော ဘုရင်
ပျက်ရယ်ပြုစကားကိုပင် ချေဖျက်ကာ ကျမ်းတတ်အကျော် ဖြစ်ခဲ့သော " ဒိသာပါမေက္ခဆရာတော် ဦးကျည်ပွေ့"ကလည်း သူ့စိတ်အာထဲမှတ်ထင်ထင်..။
    တစ်ချိန်က ရန်ကုန်နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်မှာ သူတက်ရောက်ပညာသင်ကြားခဲ့စဉ်က
ဆရာကြီး ဦးကျော်လှိုင် သက္ကတ သဒ္ဒါသင်ရင်း ပြောခဲ့သော စကားက သူ့နားထဲ ပိုမိုကြားယောင်လာသည်။
     " နယ်မြေတွေ ဘယ်လောက်ပဲ ဝေးကွာ..ဝေးကွာ..။ တွေ့မြင်ရာရာတွေဟာလည်း အရာဝတ္ထု ချင်းမတူပေမဲ့လည်း၊ အခြေခံသဘာဝချင်းတူတော့ အမှန်တရားဟာလည်းအတူတူပဲပေါ့"
ဆရာကြီးပြောခဲ့တဲ့စကား သူနားထဲမှာ ကြားရင်း သူဂင်္ဂါမြစ်ဆီကတက်လာခဲ့သည်။ သူဧ။်စိတ်အာရုံထဲ
သဒ္ဒါပညာရှင် ဝရရုစိကလည်းတွဲခိုပါလာခဲ့သည်။ ညနေခင်ဧ။် အေးမြမှု ခြေလှမ်းတို့သည်လည်း တစတစဝင်ရောက်လာနေခဲ့ပြီ..။

                                                                              အရှင်ဓမ္မိက(လောင်းလုံ)
                                                                                 ၂၉. ၃. ၂၀၁၆

Sunday, September 14, 2014

အတိတ်ဆီက ကောသမ္ဗီ

ယမုံနာကို မေးတင်
သာသနာ့ သမိုင်းဝင်
အတိတ်ဆွေးဆွေး
ဟိုတစ်ချိန်က
ကောသမ္ဗီမြို့လေးမှာပေါ့...။
ဃောသိတ၊ ကုက္ကုဋ၊ ပါဝါရိက
သူငယ်ချင်းသုံးဦး
ထူးထူးခြားခြား
ဓမ္မနှလုံးသားနဲ့လူ
ယမုံနာမြစ်နဲ့အတူ
ဗုဒ္ဓ,ဓမ္မတွေကို
စီးဆင်းစေခဲ့သူတွေပေါ့..။
ဥယျာဉ်တစ်ခုစီမှာ
ကျောင်းသုံးကျောင်းဖန်ဆင်း
ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံ
သူတို့အမည်တွေသင်းထုံလို့ပေါ့...။
ပထမအကြိမ် သံဃာ့စိတ်ထား
အချင်းချင်းကွဲပြား
သာသနာ့သမိုင်းမှာ ထင်ရှား
ပါလိလေယျကကို မြတ်ဗုဒ္ဓ
ကြွသွားခဲ့ ရဖူးတဲ့
ကောသမ္ဗီ...။
ဟို...အတိတ်ဆီကပေါ့...။
ဥတေန၊ သမာဝတီ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တာ
ကောသမ္ဗီ ရာဇဝင်မှာ
စံတင်ခဲ့တဲ့ သရုပ်ဆောင်တွေ...။
မေတ္တာ၊ အဃာတ
ဆန့်ကျင်ဘက် နှစ်ခုရဲ့
လွန်ဆွဲခဲ့တဲ့ သရုပ်သကန်
ဓမ္မ,အဓမ္မ စံတွေပေါ့...။
ကြက်မကြီးက ငါ့ကိုနိုင်
ငါကကြက်မကလေးကိုနိုင်
အပြိုင်ပြိုင်ကြဲခဲ့တဲ့ ကောသမ္ဗီ...။
အခုတော့ အုတ်ရိုးသာကျန်ပြီပဲ...။
ပြန်ကြည့်တော့တရားကျစရာ
လူ့ဘဝဆိုတာ ရေပွက်ပမာ...။
ဗုဒ္ဓရဲ့ပိဋကတ်တွေကြောင့်
ကောသမ္ဗီဟာ ရှင်သန်ဆဲ
ဘုရင်အာသောကရဲ့ကြိုးပမ်းမှုကြောင့်
ကောသမ္ဗီဟာ ထင်ကျန်မြဲ
ဟိုး..အတိတ်ဆီက ကောသမ္ဗီ...။
ဓမ္မရေးနဲ့ပဲကြည့်ကြည့်
အမျိုးသားရေးနဲ့ပဲညှိညှိ
အတိတ်ဝေဒနာတွေက
ရင်ထဲမှာ ထင်ကျန်ဆဲပါ
ကောသမ္ဗီရယ်....။
ရင်ထဲမှာ ထင်ကျန်ဆဲပါ...။
                                   အရှင်ဓမ္မိက(လောင်းလုံ)
                                         ၉.၉.၂၀၁၄ 




Saturday, September 13, 2014

အမှိုက်

          အမှိုက်ဆိုတာ အသုံးမဝင်ဘူးတဲ့..။
       
သုံးတတ်သူတို့ကတော့ ရွှေတဲ့...။

ရေလောင်းသူတွေအကြား 
ကျီကန်းမျက်လုံးအစုံကိုငှားပြီး
ပုလင်းခွံတွေဟာ ထမင်းဖြစ်နေပြန်ရော..။
စင်ပေါ်က ရမ္မက်အပူ
စက်အောက်က ဘဝအပူ
ငူတူတူ လမ်းလျှောက်ရင်း
ဟော...
လွှင့်ကျလာတဲ့ ပုလင်းတစ်လုံး
ထမင်းတစ်လုံးအဖြစ် ကောက်ယူလိုက်တယ်။
ထမင်းလုံးလေးတွေပေါင်းစပ်ရင်
တစ်ပန်းကန်ပေါ့..။
သူ့ခြေတောက် အစုံဟာလည်း 
ထမင်းလုံးလေးတွေပဲလေ
သူရပ်တာနဲ့ ထမင်းတွေပြတ်
တရစပ်လျှောက်နေလို့
တော်ပေသပ..။
သမီးဇာတာခုံနန်းက
ထီးနန်းစံမြန်းကိန်းဆိုပဲ...။
အခုတော့ ..ထီးကျန်စွာ
နေရတာကိုပြောခဲ့လေသလား ..အမေရယ်.။
သင်္ကြန်ရေ နဲ့အတူ ရောဆင်းလာတဲ့
မျက်လုံးအစုံက အပူရေစီးကြောင်းတစ်စုံ...။
စင်ပေါ်မှာတော့
စည်းလွှတ် ဝါးလွတ်..။
ကားရောင်စုံတွေပေါ်မှာလည်း
စည်းလွတ် ဝါးလွတ်...။
သူခန္ဓာယ်ကိုယ်ပေါ်က
မဲညစ်ညစ် အင်္ကျီ တစ်စုံကမှ
သန့်ရှင်းနေသေး..။
သင်္ကြန် သင်္ကြန်...
တစ်နှစ်တစ်ခါ
အမှိုက်တွေ
လမ်းပေါ်သွန်ချနေတာကိုခေါ်သလားမသိ..။
အမေပြောဖူးတာက
သင်္ကြန် ဆိုတာ ပျော်စရာကောင်းသတဲ့...။
ဟုတ်မှာပါလေ..။
သူ့အတွက် လမ်းပေါ်က ထမင်းတွေ
အရောင်သွေးစုံတဲ့
မျက်လုံးတွေကို
တစုတစည်းတည်းမြင်ရတာပဲ..။
သင်္ကြန်အတက်နေ့က
ဆေးရုံဘက်
သူမ ရောက်သွားခဲ့သေးတယ်
မျက်ဝန်းတွေမှာ
သင်္ကြန်တွေကျလို့
အတာရေတော့မဟုတ်ဘူး
သောက.. ရေတွေ
သောက...ရေတွေ...။
အေးလေ...
အမေပြောသလို
သူတို့လည်း
လောကီသားတွေပဲသမီးရယ်တဲ့...။
ဒီနေ့ နေ့လည်
ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ
စတုဒိသာ ကျွေးမလို့တဲ့
သူငယ်ချင်းတွေစု
ဗိုက်ကလေးတွေ ပုသွားအောင် 

စားလိုက်အုံးမှာ..။
သူတို့အိပ်ရာ
ညောင်ပင်ကြီးကလည်း
သင်္ကြန်ကို ကျလို့...။
'' ကိုကြီးကျော် ...တို့ကိုကြီကျော်''
ဆံပင်နီနီ ကိုကြီးကျော် ကားပေါ်က
ခုန် ဆင်းလာတဲ့ အမှိုက်ဗူး
သူလေ ဦးအောင်ယူလိုက်တယ်..။
ဒီနေ့ ...
သူ့မြွေရေခွံအိတ်
နှစ်လုံးရနေပြီ...။
အမှိုက်တွေဆီက
လွှင့်လာတဲ့
အမှိုက်တွေလေ...။
သူမအတွက်တော့
မုန့်တွေ ...
ထမင်းတွေပေါ့...။
   
                   အရှင်ဓမ္မိက(လောင်းလုံ)
                       
၁၈.၄.၂၀၁၄
                   
နှစ်ဆန်း ၂ ရက်နေ့ နေ့ကရေးခဲ့တာလေးပါ..။

 

Saturday, September 6, 2014

ခြေလှမ်းစီးချင်း


ကြပ်ကြပ်တည်းတည်း
ရန်ကုန်ညက
ခဏခဏ အိပ်ယာကနိုးစေခဲ့..။

တဝီတဝီမြည်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကြား
လမ်းလျှောက်နေရတဲ့
ငါ့ရဲ့ခြေလှမ်းတွေက
ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သွား..။

ကြွေကျလာတဲ့
သစ်ရွက် တစ်ရွက်က
ကမ္ဘာကြီးရဲ့
ရေချိန်ဖြစ်နေခဲ့..။

စိတ်တွေကို ထုတ်ပိုးရင်း
စိတ်တွေက အလိုလိုဂုတ်ချိုး
ပုတ်သိုးသွားတဲ့
မှုန့်ဖက်ထုပ် တစ်ထုပ်မှမဟုတ်ပဲ..။

ငါလေ...
စိတ်တွေကိုပြန်လည်ထုပ်ပိုး
ပြန်လည် ဆယ်ယူရင်း
ခြေလှမ်းတွေကို
စီးမျောလိုက်မယ်..။
ငါဟာ ခရီးသွားပဲလေ..။

                                 အရှင်ဓမ္မိက(လောင်းလုံ)


                         



Sunday, May 20, 2012

အားလုံးမှာတာဝန်ရှိသည်



အားလုံးမှာတာဝန်ရှိသည်
-------------
       မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက်ဘက်က ပြုပြင်စေလိုသည့်အတွက်အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအား
လုံးအား တပ်လှန့်ခဲ့ပါသည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက် “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။
     တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ် ၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ အမျိုးသားရေးစိတ်ဓာတ်ကား အံ့မခန်းပင်။ ဆရာတော်ကြီးသည် အမျိုးသားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သာသနာ ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရဟန်း သံဃာတော် များ သွေးအေးအေးနေသည်ကို သဘောကျတော်မမူ။ သံဃာတော်များသည် ကမ္ဘာ့အခြေအနေကိုလည်း စိတ်မ၀င်စား၊ တိုင်းပြည်၏အခြေအနေကိုလည်း ကောင်းကောင်း နားမလည်ဘဲ ရိုးရိုးအေးအေးနေကြ လျှင် ခေတ်ပညာတတ် လူပုဂ္ဂိုလ်များ၏ အထင်သေးမှုကို ခံရမည်ဖြစ်ကြောင်းကိုလည်း သတိပေးတော်မူခဲ့ ပါသည်။ ထို့ကြောင့် သံဃာတော်အရှင်များသည် မဟာဂန္ဓာရုံဆရာတော် ညွှန်ပြထားသကဲ့သို့ အမျိုး သားရေးစိတ်ဓာတ် ရှိသင့်၏။

        ယခုအချိန်၌လည်း နိုင်ငံတော်ကြီးသည် ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်လျက်ရှိသောကြောင့် ဖွံဖြိုးတိုးတက်ဖို့ အတွက် အညွန့်တလူလူ တက်လျက်ရှိ၏။ မကြာခင်သောအချိန်ဝယ် နိုင်ငံတကာမှ စီး ပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်ကျပေတော့မည်။ ထိုအခါ ကျွဲကူးရေပါဆိုသကဲ့သို့ တိုင်းတပါး ယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း ရောထွေးယှက်တင် ပါလာတော့မည်ဖြစ်သည်။
    သို့ဖြစ်က အမျိုးသားရေး စိတ်ဓာတ်အားနည်းသော တိုင်းရင်းသား လူငယ်လေးများအား ရေခြားမြေခြား ယဉ်ကျေးမှု ဓလေ့စရိုက်များ ကူးစက်ခံရပေလိမ့်မည်။ ယင်းသို့ကူးစက်ခံရလျှင် အမျိုးဘာသာ သာသနာ သည် ခြစားခံရ သော အိမ်တိုင်ကဲ့သို့ ပြိုလဲသွား နိုင်ပေသည်။ ထို့ကြောင့် ယခုကတဲကစပြီး ကြိုတင်၍ လူငယ်များ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ကြိးစားရမည် ဖြစ်၏။

      အဆိုတစ်ခုရှိ၏။ ``လူမျိုး၏အသက်သည် ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၏ အသက်သည် စာပေ`` ဟူသတတ်။ တန်ဖိုး မဖြတ် နိုင်သော ဆိုရိုးတစ်ခုပင်။ 
    ထိုသို့ဖြစ်လျှင် မြန်မာလူမျိုး၏အသက် မြန်မာယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ် စာပေဖြစ်၏ဟု ဆိုရချိမ့်မည်။ ထိုစကားဆိုသင့်စွာ့။ ပထမမြန်မာနိုင်ငံတော်သည် ပုဂံခေတ်မှာ ဖြစ်ပေါ်လာ ၏။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ပုဂံယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပုဂံယဉ်ကျေးမှုသည်လည်း ပိဋကတ်စာပေ (ဗုဒ္ဓစာပေ)မှာ မြစ်ဖျားခံ၏။ ဘာ့ကြောင့်နည်း၊ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊ စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဆိုသည့်အတိုင်း ပုဂံခေတ်တွင် ပိဋကတ်စာပေကို အထူးလေ့လာ သင်ယူကြ၏။ လူနေမှုစနစ်တစ်ခုလုံးကိုလည်း ပိဋကတ်စာပေနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ပုဂံ ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ်စာပေပင် ဖြစ်ပေသည်။

      ချဲ့ဦးအံ့။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ ပုဂံမြို့ကြီးကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာသနာရေးစသဖြင့် ဘက်ပေါင်းစုံမှ တိုးတက်အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ ဆရာသခင် အရှင်အရဟံက လည်း ဘုရားသားတော်ပီပီတိုင်းသူပြည်သားလူအများအား သမ္ပဒါ တရား၊  လောကပါလတရား၊ အရိဟာနိယ တရား၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ သိင်္ဂါလောဝါဒတို့ကို ပို့ချဟောပြကာ ထည်ဝါသော၊ ဂုဏ်သရေရှိသော ပုဂံယဉ်ကျေးမှုကို အကောင် အထည်ဖေါ်ခဲ့ ပေသည်။

        ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာ သာနှင့် မြန်မာ ခွဲခြား၍ မရလောက်အောင် ပုဂံယဉ်ကျေးမှုသည် ဘုန်းမီးနေလတောက်ခဲ့၏။ ထိုကို ဂုဏ် ယူသောအားဖြင့် “သာကီမျိုးဟေ့၊ တို့ဗမာ”ဟုပင် ကြွေးကြော်ခဲ့ကြပေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံ များကလည်း “ဘုရင်အနော်ရထာ”ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် လေးစားခဲ့ကြ၏။
    ထို့ကြောင့် မြန်မာလူမျိုးများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။
     “မြန်မာ”ဆိုသည့် စကားလုံးသည် ပုဂံမှ အစပြုကာ ကမ္ဘာ့မြေပုံပေါ်၌ ထင်ရှားပေါ်ပေါက်လာခြင်းဖြစ် သည်။ ထိုမှတဖန် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းဘုရားတို့ ကလည်း ဘုရင်အနော်ရထာ၏ ခြေရာကို နင်းခဲ့ကြပြန်သော
ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဆက်လက်၍ အားကောင်း မောင်းသန် ရှင်သန်ခဲ့ရပေသည်။
        ထို့ထက် ပို၍ထင်ရှားသည်ကား ကုန်းဘောင်မင်းဆက်မင်းတုန်းမင်းတရားကြီးတည်း။ ထိုမင်း တရားကြီးသည် သာသနာ တော်ကို အလွန်ကြည်ညို၏။ဘုန်းကြီးကျောင်းတိုက်ပေါင်း မြောက်များစွာ တည်ဆောက်လှူဒါန်းခဲ့၏။ ထိုကျောင်းတိုက်ကြီး များသည် ယနေ့ခေတ်အခေါ်အရ ပြောလျှင် ဗုဒ္ဓကောလိပ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများပင်တည်း။

           ထိုမင်းတရားကြီးသည်ကား ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကာ ဘုရားမြတ် စွာဟောကြားခဲ့သည် ပိဋကတ်စာပေကို ကျောက်ထက်အက္ခရာထိုးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုသည် ပိဋကတ်စာပေနှင့် တထပ်တည်းဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာ လိုက်ပြန်တော့သည်။ ပိဋကတ်သုံးပုံကို မှတ်တမ်းတင်ထားသော ယင်းကျောက်စာချပ်များသည်ကား “ကမ္ဘာ့အကြီးဆုံး စာအုပ်” ဟု ကမ္ဘာ့ဂန္ထ၀င်၌ မှတ်တမ်းဝင်သွားလေတော့၏။
     ထို့နောက်
     အမိမြန်မာနိုင်ငံကြီးသည်အင်္ဂလိပ်လက်အောက် ရောက်သွားသဖြင့် မြန်မာ့ယဉ်ကျေးမှုသည် မှေးမှိန် ခဲ့ရပြန်သည်။ အုပ်ချုပ်သူအင်္ဂလိပ်များက တိုင်းတပါးမှ ဘာသာခြားလူမျိုးခြားများကို နေရာပေးကြ၏။ သူတို့စိတ်ကြိုက်ပုံ ဖေါ်နိုင်ဖို့ အတွက် နယ်စပ် ဒေသရှိ အလွန်ရိုးစင်းသော တိုင်းရင်းသားများအား သူတို့စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကို ရိုက်သွင်း ပေးလိုက်တော့၏။ မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို ချိုးနှိမ်ခဲ့၏။
       ယင်းသို့လျှင် ဘာသာခြား လူမျိုးခြားများ၏ လက်အောက်၌ နေရခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် အနှိမ်ခံနင်းပြားဘ၀သို့ မရှုမလှ ရောက်ခဲ့ရပေသည်။ ထို့ကြောင့် သူ့ကျွန်မခံလိုသော စိတ်ဖြင့် တိုင်းပြည်လွပ်လပ်ရေး ရဖို့အတွက် တစ်မျိုးသားလုံး ကြိုးစားခဲ့ရပေသည်။ လွပ်လပ်ရေးလည်း ရခဲ့ပါ၏။ သို့သော် စစ်အတွင်းက မရုန်းထွက်နိုင်ခဲ့။ နယ်ချဲ့သမားတို့၏ အရောင်ဆိုးခြင်းခံလိုက်ရသော တိုင်းရင်းသားများက တော်လှန်ပုန်ကန်ကြသဖြင့် “တိုင်း ပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”ဆိုရလောက်ေ အာင် ပြည်တွင်းစစ်ဖြစ်ကြပြန်၏။ ယခုအချိန်၌ ပြည်တွင်းစစ်ဖြစ်နေခြင်းသည် ယင်းနယ်ချဲ့သမားတို့ လက်ချက်ကြောင့်တည်း။

       ယင်းသို့ပင် အခြေအနေအမျိုးမျိုးဖြင့် ရင်ဆိုင်နေရစေကာမူ. . . မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရပြီးနောက်တွင် သမ္မတ၊ ၀န်ကြီးချုပ်အမှူးရှိသော နိုင်ငံအကြီးအကဲများက ရှေးရှေး သာသ နာပြုမင်းများကို နှလုံးမူကာ အမျိုး ဘာသာ သာသနာ မတိမ်ကောစေဖို့အတွက် ပထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပါဠိတက္ကသိုလ်များကို ဖွဲ့စည်းပေးခြင်း၊ ဆွမ်းဆန်တော်နှင့် န၀ကမ္မအလှူငွေ များ ထောက်ပံ့ခြင်း၊ ပဋိပတ်ရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ တိပိဋကစာမေးပွဲ များ ကျင်းပခြင်း၊ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်း စသော ကြီးကျယ်သော သာသနာ့ အလုပ်များကို အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ကြပေသည်။
        ထိုမှတပါး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုလည်း ပြည်ပနိုင်ငံများကိုပါ ဖိတ်ကြား၍ တခန်းတနားဆင်နွှဲခဲ့ကြပြန် ပါသည်။
    ထိုကဲ့သို့သာသနာပြုအလုပ်များကို ပြုလုပ်ကြခြင်းသည် မြန်မာ့အသက်ဖြစ်သော ပိဋကတ်စာပေကို မကွယ် ပျောက်ဖို့နှင့် အမျိုးသားရေး လက္ခဏာများ မတိမ်ကောစေဖို့ ဖြစ်ပေသည်။

        နိုင်ငံတော်အကြီးအကဲများသည် ထိုမျှလောက်နဲ့အားမရသဖြင့် “သာသနာရေး ၀န်ကြီးဋ္ဌာန”ဟု ၀န်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့ကြောင့် သာသနာရေးဝန်ကြီးဋ္ဌာနဟူသည် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သော “ပိဋကတ် စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာန” ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ် ဘာသာ စသော ဘာသာတိုင်းနှင့် သက်ဆိုင်သော“ဘာသာရေးဝန်ကြီး ဋ္ဌာန” မဟုတ်ပါ။
   ဤသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။
    ရှင်းပါဦးအံ့။ “သာသနာ (သာသန)”ဟူသော စကားသည် ပါဠိစကားဖြစ်၏။ “ဘုရားအဆုံးအမဖြစ်သော ပိဋကတ်စာပေ” ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် မည်သည့်ဘာသာနှင့်မျှမဆိုင်။ ဗုဒ္ဓသာသနာတော်နှင့်သာ သက်ဆိုင်သော စကားလုံးဖြစ်၏။ တချို့ ဘာသာများကား ထို“သာသနာ”ဆိုသော စကားလုံးကိုပင် အတု ယူထားကြ၏။ ဥပမာ- အစ္စလာမ် သာသနာ။ ယင်းကဲသို့ သာသနာဟူသော စကားလုံးကို ယူထားခြင်းသည် ဗုဒ္ဓသာသနာကို ဝေါဟာရဖြင့် ပူးသတ်ခြင်း ပင်တည်း။ ထိုအသုံးအနှုံးမျိုး မသုံးနှုန်းဖို့ရန် ကန့်ကွက်ရပေ မည်။ ထို့ကြောင့် “သာသနာရေးဝန်ကြီးဋ္ဌာန ဆိုသည်မှာ ပိဋကတ်စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာ နဖြစ်ကြောင်းကိုလည်းကောင်း၊ သာသနာဟူသောစကားလုံး ဝေါဟာရမှာ ဗုဒ္ဓသာသနာနှင့်သာ သက်ဆိုင်သော စကားလုံး ဝေါဟာရ ဖြစ်ကြောင်းကိုလည်းကောင်း” ကို လွှတ်တော်ထဲရောက်အောင် တင်သွင်းရပေမည်။

         လွှတ်တော်ဆိုသည်မှာ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော စည်းကမ်းဥပဒေများကို အကြံပေးခြင်း၊ ရေးဆွဲခြင်း၊ အတည် ပြုခြင်း၊ ထုတ်ပြန်ခြင်းစသည်ဖြင့် ဥပဒေပြုအာဏာကို ချုပ်ကိုင်သောဋ္ဌာနချုပ်ကြီး တစ်ခုပင်တည်း။ ထို့ကြောင့် အသက်တမျှ အရေးကြီး လှ၏။ ယင်းသို့ အသက်တမျှ အရေးကြီးသော လွှတ်တော်ထဲ၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သာသနာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တိုက်ရိုက် တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရပါ၏လော။ (သို့မဟုတ်) အမျိုး ဘာသာ သာသနာကို မှေးမှိန်စေသာ တခြားသူများ၏ အဆိုပြုလွှာများကို ကန့်ကွက်ခွင့် ရှိပါ၏လော။ စဉ်းစားသင့်၏။
        တချို့ဘာသာခြားလွှတ်တော်အမတ်များက ကိုးကွယ်မှုဘာသာ၊ လူမျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အဆိုတင်သွင်းကြ၏။ ဥပမာ- ဘူးသီးတောင် မောင်းတောမှ ဘင်္ဂါလီလူမျိုးများ ကို ပြည်မကြီးထဲ၌ တံခါးမရှိဓားမရှိ သွားလာနိုင်ဖို့အတွက် အဆိုတင်သွင်းခြင်း၊ ဘူးသီးတောင် တခွင်မှာ ဘာသာစကား အခက်အခဲကြောင့် မြန်မာလူမျိုးစစ်စစ် ဖြစ်သော ဆရာ ဆရာမများကို မခန့်ဘဲ ဘင်္ဂါလီ လူမျိုးဖြစ်သည့် ဆရာ ဆရာမများကို ခန့်အပ်ဖို့အတွက် အဆိုတင် သွင်းခြင်း၊ စသည်စသည်တို့ဖြစ်ပါသည်။

      မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာစကားသည် သူတို့အတွက် ခက်ခဲနေသတဲ့။ အလွန်ကန့်ကွက်သင့်သော အဆိုပြု လွှာတည်း။ ပြည်ထောင်စုဝန်ကြီးကလည်း လက်မခံပါ။ ဘာသာခြားတို့၏ အဆိုပြုလွှာကို ထောက် ဆပါက ဘာသာခြား လူမျိုးခြားတို့သည် မြန်မာ စကားကို ပစ်ပယ်လိုခြင်း၊ မြန်မာ့ ယဉ်ကျေးမှု ကို ဖျောက် ဖျက်လိုခြင်း၊ သူတို့ ဘင်္ဂါလီစကားကိုသာ သုံးနှုံးလိုခြင်း၊ သူတို့ယဉ်ကျေးမှု သူတို့ ဘာသာကိုသာ တွင် ကျယ်စေလိုခြင်း စသော သူတို့၏ သဘောထား ဆန္ဒကို မှန်းဆနိုင်ပေသည်။ ထိုဆန္ဒမှာ . . .စာပေစကားဖြင့် ပြောလျှင် “ပါပိစ္ဆာ”ဟု ပြောရပေမည်။ “ပါပိစ္ဆာ”ဟူသည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးလိုသော အလိုဆိုးတည်း။
      ထိုအဆိုပြုလွှာများကို ကန့်ကွက်ဖို့အတွက် မိမိတို့ သံဃာတော်များက တာဝန်ယူရပေမည်။   ထိုမျှလောက်မျှ လုပ်ပိုင်ခွင့် မရှိလျှင် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လူ့အခွင့်အရေးချိုးဖောက် ခံရခြင်းပင် ဖြစ်ပေ၏။ ယနေ့ သံဃာ့အဖွဲ့အစည်းကြီးသည် ယင်းသို့သော “လူ့အခွင့်အရေး” ရပါ၏လော။ စစ်ကြောသင့်၏။ အားလုံးစုပေါင်း၍ ဥပဒေ ဘောင်အတွင်းက တောင်းဆိုဖို့ လိုအပ်ပေသည်။ တစ်သာသနာလုံးနှင့် သက်ဆိုင်သောကြောင့် ညီညီ ညွတ်ညွတ်နဲ့ အရေးဆိုဖို့ လိုအပ်လှပေသည်။

      အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်တစ်ပါးက ပြော ဖူး၏။ “သက်ဆိုင်ရာ ဋ္ဌာနကို အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ အကြံပြုစရာရှိလျှင် အကြံပြုမည်၊ တိုက် တွန်း စရာရှိလျှင် တိုက်တွန်းမည်၊ ကန့်ကွက်စရာကန့်ကွက်မည်ဆိုပြီး သက်ဆိုင်ရာကို အဆိုတင်သွင်းတယ်၊ ညွှန်ကြား တယ်၊ ဒါပေမဲ့ သဲထဲရေသွန်သလိုပဲ ဘာမှ မထိရောက်ခဲ့ဘူး”ဟု အမိန့်ရှိဖူး၏။
        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပါလျက် ထိုဆရာတော်၏ အရှိန်သြဇာသည် သက်ဆိုင်သော ဋ္ဌာနသို့ ဘာ့ကြောင့် မသက်ရောက်သနည်း။ နိုင်ငံတော်၏ အခြေခံ “စည်းမျဉ်းဥပဒေ၊ မူဝါဒ” အားနည်း သောကြောင့် ဖြစ်ပေသည်။ ယင်းကဲ့သို့ အားနည်းခြင်းသည် သံဃမ ဟာနာယက အဖွဲ့တစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ တစ်သာသနာလုံးနှင့် သက်ဆိုင်၏။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်၏။
         ထို့ကြောင့် အမျိုးဘာသာ သာသနာနှင့်သက်ဆိုင်သော “မူဝါဒ”ကို သံဃာထုတစ်ရပ်လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုခု (ဥပမာ- နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော် ၀ိနည်းဓိုရ် အဖွဲ့၊ ပညာရေးအဖွဲ့၊ တိုင်း သံဃနာယက၊ မြို့နယ် သံဃနာယကစသည်) က လွှတ်တော်ထဲမှာ တင်သွင်း ခွင့်၊ ညွှန်ကြားခွင့် ရှိရပေမည်။
        သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်သော ဒီမိုကရေစီနိုင် ငံပင်ဖြစ်၏။ သို့သော် ထိုနိုင်ငံသည် ဗုဒ္ဓသာသနာကို အထူး အားပေး၏။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည့်နေ့၌ သူတို့နိုင်ငံရှိ စွယ်တော်ကိုလည်းကောင်း၊ သံဃမ ဟာနာ ယက ဆရာတော်များကိုလည်းကောင်း သွားရောက်၍ ဦးတိုက်ရ၏။ ထိုမှတပါး၊ လွှတ်တော်ထဲ၌ သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လွှတ်တော်အမတ် အဖြစ် တက်ရောက်ခွင့် ပြုထား၏။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာကဲ့သို့ ဖြစ်နေရကား ထိုအခွင့် အရေးပေးထားခြင်း ဖြစ်၏။ ဘာသာခြားများကိုကား ထိုကဲ့သို့ အခွင့်အရေး မပေးပါ။ မြန်မာနိုင်ငံမှာ ကော ထိုကဲ့သို့ မဖြစ်သင့်ပေဘူးလား။

          ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်နိုင်ငံမှာမဆို ကိုယ့်ဘာသာကို တန်ဖိုးထား ကြသည်မှာ ထုံးစံပင်တည်း။ အီရန်နိုင်ငံ၏ လူဦးရေ အများစုသည် မွတ်စလင် ဘာသာဝင်များ ဖြစ်၏။ ထို့ကြောင့် သမ္မတမှအစ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို မွတ်စလင်ဘာသာ ၀င်များသာ တာဝန်ယူထားကြပါသည်။ အပြစ် မဆိုသာပေ။ မွတ်စလင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေ နီ၏ အရှိန်သြဇာသည် အီရန်သမ္မတ အပေါ်မှာပင် တိုက်ရိုက် သက်ရောက်လျှက် ရှိပေ၏။  မိမိတို့ဘာသာကို တန်ဖိုးထားသည့် ထိုကဲ့သို့သော နိုင်ငံများကို အတုယူ၍ မြန်မာ နိုင်ငံသည်လည်း ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သော နိုင်ငံဖြစ်သောကြောင့် မိမိတို့ ဗုဒ္ဓ သာသနာကို ရှေးဘုရင် များကဲ့သို့ အထူးတလည် အားပေးသင့်လှ၏။
       သံဃာ့အဖွဲ့အစည်းကြီးသည် မြန်မာလူမျိုးတို့၏အသက်ဖြစ်သော ပိဋကတ်စာပေကို သင်ယူပို့ ချနေကြရကား အနော်ရထာ အစထား ရှေးရှေးသောဘုရင်တို့သည် သံဃာ့အဖွဲ့အစည်းကြီးကို အလွန်အား ကိုးကြ၏။ ထိုကဲ့သို့ အားကိုးခဲ့ သောကြောင့်လည်း ယနေ့ အချိန်၌ မြန်မာယဉ်ကျေးမှုသည် မတိမ်ကော မပျောက်ကွယ်ခြင်း ဖြစ်ပေသည်။

     လွှတ်တော်မရှိသော ပုဂံခေတ်ကဆိုလျှင် အရှင်အရဟံသည် ဘုရင်အနော်ရထာကို တိုင်းသူပြည်သား လူအများ အား မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ဖို့ ဆုံးမ၏။ တိုက်တွန်း၏။ ဒုစရိုက်တရားများကို မလုပ်ဖို့ တားမြစ်၏။ ထို့ ကြောင့် ပုဂံနေပြည်တော်သည်ကမ္ဘာက လေးစားရသည့်အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ် ၏။
     “ပုဂံခေတ်သာ ယခုခေတ်ကဲ့သို့ လွှတ်တော်ရှိလျှင် လွှတ်တော်အဓိပတိသည် ဆရာတော်သံဃာတော် များပင် ဖြစ်လောက် စရာရှိ၏” ဟု တွေးမိပေသည်။ ဘာ့ကြောင့်နည်း၊ သံဃာတော်အရှင်မြတ်များသည် သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်များကိုပင်ချုပ်ကိုင်နိုင် သောကြောင့် တည်း။ မြန်မာ့စာပေ၊ မြန်မာ့ ယဉ်ကျေး မှု၊ မြန်မာအုပ်ချုပ်ရေးနှင့် ပတ်သက်၍ သံဃာအဖွဲ့အစည်းကြီးသည် မည်မျှလောက် အရေးပါသည်ဆိုသည် ကို သမိုင်းဆရာများ ကောင်းကောင်းကြီး သိရှိကြပါ၏။

           ရှေးခေတ်သံဃာတော်များသည် ဘုရင်ကို ဆုံးမသွန်သင်နိုင်သည့် အခွင့်အာဏာ၊ အမိန့်သြဇာ ရှိသေးသည် ဆိုလျှင် ယနေ့ ခေတ် သံဃာတော်များသည် လွှတ်တော်ထဲ၌ တစုံတစ်ခုသော လုပ်ပိုင်ခွင့် အာဏာ ရှိသင့်သည်သာ။ မြန်မာနိုင်ငံ၌ သံဃာတော် အရေအတွက်သည် ၅၀၀၀၀၀ (ငါးသိန်း) ၀န်းကျင် ရှိ၏။ ထိုမျှလောက်များပြားသော သံဃာ့ အဖွဲ့အစည်း ကြီးသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အောက်မှာ ရှိ၏။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ သာသနာရေးနှင့် ပတ်သက်သော ညွှန်ကြားလွှာများသည် လွှတ်တော်ထဲ၌ သက်ရောက်မှုရှိကို ရှိစေရ မည်။ ရှိလည်း ရှိသင့် ပေသည်။
        ဗုဒ္ဓစာပေတည်တံ့မှ ပုဂံယဉ်ကျေးမှုတည်တံ့မည်ဖြစ်သောကြောင့် မြန်မာကို ချစ်သော မြန်မာ လူမျိုး မှန်သမျှသည် ဗုဒ္ဓစာပေကို အသက်တမျှ တန်ဖိုးထားရပေမည်။ ဗုဒ္ဓစာပေကွယ်ပျောက်လျှင် ပုဂံယဉ်ကျေးမှု ကွယ်ပျောက်သွားပေမည်။ ပုဂံယဉ်ကျေးမှု ကွယ်ပျောက်လျှင် မြန်မာ့ယဉ်ကျေးမှုလည်း ကွယ်ပျောက် သွားပေမည်။ မြန်မာ့ယဉ်ကျေးမှုကွယ်ပျောက် သွားလျှင် မြန်မာလူမျိုး ဆိုသည်မှာလည်း ကွယ်ပျောက် သွားမည်ဖြစ်၏။ သို့ဖြစ်ရကား အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစား သင့်ပေသည်တကား။
                                                        သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်း)

သီတဂူစတား ဘလောဂ် http://www.sitagustar2020.net/2012/05/blog-post_20.html?spref=fb မှ တစ်ဆင့် ကူးယူဖေါ်ပြပါသည်..။

               အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ..။
                                                                                     အရှင်ဓမ္မိက(လောင်းလုံ)
     

Saturday, March 10, 2012

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ မှာကျင်းပခဲ့သော ဓာတ်တော် လှည့်လည်ပူဇော်ပွဲ

          3. 2. 2012 ရက်နေ့က ဗုဒ္ဓဂယာမှာ Vietnam က  Ven.Vietnamese Sangha TAO-DONA, QUYEN-LAN and QUY-THUONG’ Families, ရဲ့ Sponsored  နဲ့ MAHABODHI SOCIETY က ဦးဆောင် ပြီး မြတ်ဗုဒ္ဓ ရဲ့ ဓာတ်တော် ၊ အဂ္ဂမဟာသာဝက အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ရဲ့ ဓာတ်တော်တွေကို အခန်းအနားနဲ့ ဗုဒ္ဓဂယာတ၀ိုက်မှာ လှည့်လည်ခဲ့ပါတယ်။  
      မြန်မာ ကျောင်းသား ရဟန်းတော်တွေကိုပါပင့်တဲ့အတွက်ကြောင့် လမ်းလျှောက်ပြီး လှည့်လှည် ရာမှာပါ ၀င်ခဲ့ရပါတယ်။ အဲဒီတုန်းက မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အမှတ်တရ အနေနဲ့တင်လိုက်ပါတယ်..။

                                                     အိန္ဒိယ နဲ့ သီရိလင်္ကာ


                                            
              
                                                       မြတ်ဗုဒ္ဓရုပ်ပွားတော်   

                                          ဆင်နဲ့ ဓာတ်တော်တွေကို ပင့်ဆောင် 

                                


                                    


                         
                                                  မြန်မာ ရဟန်းတော်များ

                                                   တိဘက် ရဟန်းတော်များ


                                              ထိုင်း ရဟန်းတော်နဲ့ တကာမများ
                              

                                              Vietnam က တကာမများ


                        သုဇာတာ နို့ဃနာဆွမ်းကပ်နေပုံကိုလူကိုယ်တိုင် ဒီလိုသရုပ်ဖော်ပါတယ်



                                               









                                           ကျောင်းသား၊ ကျောင်းသူလေးများ






                                                         ဘင်ခရာအဖွဲ့များ






                                                        ထိုင်းအက


             ဒီလို စည်စည်ကားကား လှည့်လည်ခဲ့ပါတယ်..။ 
                                  

                                                                           
                                                               အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ...။
                                                 
                                                                                        အရှင်ဓမ္မိက(လောင်းလုံ)

 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger